(၂၀)ကြိမ်မြောက် China- ASEAN Expo (CAEXPO)နှင့် China-ASEAN Business and Investment Summit(CABIS)တို့တွင် မြန်မာနိုင်ငံမှအဖွဲ့အစည်းများ၊ကုမ္ပဏီများ ပါဝင်စေလို

0
128

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နိုင်ငံခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Song Haijun မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊နန်နင်းမြို့၏ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းနှင့်တွေ့ဆုံစဥ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နန်နင်းမြို့၏ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းမှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Song Haijun အား ဇူလိုင် ၂၁ ရက်ညနေ ၄ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်မှ မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေး၊ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းနေမှုများ၊အာဆီယံတူညီဆန္ဒ(၅)ရပ် ဖော်ဆောင်နေမှုများ၊”မိုခါ”မုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဒေသများနှင့်ပြည်သူများအား ကူညီကယ်ဆယ်မှုများနှင့်ပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Song Haijun ကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး၊လုံ ခြုံရေးအခြေအနေများကို အလေးထားကာ အကြမ်းဖက်မှုများရပ်တန့်ရန်၊တည်ငြိမ်ရေး၊လုံခြုံရေးနှင့်ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်သည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မကြာမီကျင်းပမည့် (၂၀)ကြိမ်မြောက် China-ASEAN Expo (CAEXPO) နှင့် China- ASEAN Business and Investment Summit (CABIS)တို့တွင် မြန်မာနိုင်ငံမှ အဖွဲ့အစည်းများ၊ ကုမ္ပဏီများပါဝင်နိုင်ရန် ကူညီပေးစေလိုသည်ဟုလည်း ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Song Haijun ကဆွေးနွေးအကူအညီတောင်းခံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here