မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားတတိယအကြိမ်မြောက်ကုသိုလ်ရှင်များစုပေါင်းလှူဒါန်းရာ အလှူငွေ ၁၇ ဘီလီယံကျော်ရရှိခဲ့ပြီး ပထမအကြိမ်ထက် ၁ဘီလီယံများ

0
210

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေများအား တတိယအကြိမ်မြောက်ရှင်းလင်းပြသရာ၌ အလှူရှင် ၃၇၇ ဦးထံမှ အလှူငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ(ငွေကျပ် ၁၇၄၁၅ သန်း)ရရှိခဲ့သည်။

နစက ဥက္ကဋ္ဌမှ ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုအခြေအနေများအား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ရှင်းလင်းပြသခဲ့ခြင်းဖြစ်သည်။

သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန်အတွက် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါ ဓိပတိဝိသုံဂါမ သိမ်တော်ကြီးကို ဘုရားဝင်းတွင် ခမ်းနားထည်ဝါစွာတည်ဆောက်ထားသည်။

တက်ရောက်လာသည့် ဓမ္မမိတ်ဆွေများ၏ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းမှုများကို စနစ်တကျမှတ်တမ်းတင်ရှိကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့်ရေစက်ချ အခမ်းအနားများကို ဩဂုတ် ၁ ရက်တွင်ပြုလုပ်သွားမည်ဟု ဆိုသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင် ကျောက်တုံးတော်ကြီးကို စတင်လှူဒါန်းသည်မှ အနေကဇာတင်လှူခြင်းမပြုမီအထိ လှူဒါန်းကု သိုလ်ပြုမှုများသည် ကုသိုလ်ကိုအစပြုထူထောင်ကြသူ(Founder)များဖြစ်သည်ဟု ဆိုသည်။

မကြာမီကျင်းပမည့် ဗုဒ္ဓါဘိသေကာ အနေကဇာ တင်ခြင်းနှင့်ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ဆောင်ရွက်ပြီးနောက်မှ ကြည်ညိုသဒ္ဒါပွားများ စိတ်ဖြင့် လှူဒါန်းမှုကုသိုလ်များမှာလည်း ကုသိုလ်ဆက်အလှူပင်ဖြစ်သည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here