ဘီးလင်းမြို့နယ်ရှိ “မနီမာ”ရွှေဆိုင်တွင် အမျိုး သားတစ်ဦးက ၃ ကျပ်သားခန့်ရှိ ရွှေလက်ကောက် ၁ ကွင်းအား လုယူထွက်ပြေး

0
142

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊တောင်စွန်းကျေး ရွာအုပ်စု၊ဘုရင့်နောင်ရပ်ကွက်၌ဖွင့်လှစ်ထားသည့် “မနီမာ”ရွှေဆိုင်တွင် အမျိုးသားတစ်ဦးက အလေးချိန် ၃ ကျပ်သားခန့်ရှိ ရွှေလက်ကောက် ၁ ကွင်းအား လုယူထွက်ပြေးသွားခဲ့မှု ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားတစ်ဦးသည် တောင်စွန်းကျေးရွာအုပ်စု၊ဘုရင့်နောင်ရပ်ကွက် ၌ဖွင့်လှစ်ထားသည့် “မနီမာ”ရွှေဆိုင်သို့ရောက်ရှိလာကာ ရွှေထည်ပစ္စည်းများအားပြသလိုင်းပြီးနောက် ရွှေလက်ကောက်တစ်ကွင်းအား လုယူ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ် Mask လည်းတပ်ထားတယ်ဆိုတော့ မျက်နှာကိုမတွေ့ရဘူးပေါ့ ရွှေဝယ်မယ့်ပုံစံမျိုးနဲ့ ရွှေထည်တွေကိုပြခိုင်းပြီး ရွှေလက်ကောက်ကိုလုပြီးထွက်ပြေးသွားတာ တာဝန်ရှိတဲ့လူတွေကတော့လာပြီးစစ်ဆေးသွားတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ရွှေလက်ကောက်အားလုယူထွက်ပြေးသွားခဲ့သူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here