လဟယ်မြို့တွင် ကားတစ်စီး ဘရိတ်ရှူးပေါက်၍ တိမ်းမှောက်ပြီး အမျိုးသား (၁) ဦးသေဆုံး၊ လူ (၇) ဦးဒဏ်ရာရ

0
234

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ လဟယ်-နန့်ယွန်းသွားကားလမ်းအတိုင်း ဇူလိုင်လ ၂၃ ရက်၊ နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်က Forland ကားတစ်စီး မောင်းနှင်လာစဥ် အခင်းဖြစ်နေရာအရောက် ဘရိတ်ရှူးပေါက်၍ တိမ်းမှောက်သွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“ဘရိတ်ရှူးပေါက်သွားတော့ အရှိန်ကိုမထိန်းနိုင်တော့ဘဲ မှောက်သွားတာ။ ကားပေါ်မှာက အမျိုးသားတွေကြီးပဲပါလာတယ်။ တစ်ယောက်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်ကြောင့် သေဆုံးသွားခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ)ရရှိခဲ့ကြသည့် အမျိုးသား (၇) ဦးတို့အား လဟယ်မြို့နယ်မီးသတ်စခန်းနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက လဟယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here