ဂျပန်တိုက်စစ်မှုး မိုတိုကို ရှမ်းယူနိုက်တက်ခေါ်ယူ

0
232

မြန်မာနေရှင်နယ်လိဂ် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ဂိုးသမားမျိုးမင်းလတ်ကို ခေါ်ယူအားဖြည့်ထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ဂျပန် တိုက်စစ်မှုး မိုတို (MOTOHIRO KANESHIRO) ကို ထပ်မံ ခေါ်ယူလိုက်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် မိုတိုသည် ကမ္ဘောဒီးယားကလပ် TIFFY ARMY FC တွင် နောက်ဆုံးကစားခဲ့ပြီးအာရှကလပ်အသင်း အတော်များများတွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ကြောင်းလည်း သိရသည်။

တိုက်စစ်မှုး မိုတိုသည် ပရို ဘောလုံးသမားဘဝကို ထိုင်းကလပ် KBU တွင် စတင်ခဲ့ပြီး၊ မွန်ဂိုလီးယား၊ သိရိလင်္ကာနှင့် ကမ္ဘောဒီးယား ကလပ်တို့တွင် ကစားခဲ့သူလည်းဖြစ်သည်။

မိုတိုသည် မွန်ဂိုလီးယား ကလပ်အသင်းနှင့်အတူAFC Cup ပြိုင်ပွဲ ကစားခဲ့ဖူးပြီး၊ ယခုလည်း ရှမ်းအသင်းနှင့်အတူ AFC Cup ပြိုင်ပွဲ ကစားရန် အားသန်နေကြောင်း သိရသည်။

“AFC Cup ပြိုင်ပွဲမှာ ကစားနေတဲ့ ကစားသမားတွေက အဆင့်အတန်းတစ်ခုမှာ ရှိတယ်။ အဲဒိပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားကစားသွားပါမယ်။ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ဖူးတာ ဖြစ်ပြီး၊ ရှိရင်းစွဲ ကစားသမားတွေနဲ့
ပေါင်းစပ် ကစားနိုင်ဖို့ ကြိုးစားနေတယ်။
ဒီအသင်းမှာ ရှိတဲ့ ကစားသမားတွေက ခြေစွမ်းမနိမ့်ပါဘူး။ သူတို့ အကူအညီနဲ့ အမြန်ဆုံး
အသားကျသွားမယ်လို့ ယုံကြည်ပါတယ်” ဟု
မိုတိုက ဆိုသည်။

ရှမ်းအသင်းသည် မိုတိုကို မြန်မာနေရှင်နယ်လိဒ်တွင်မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည့်အတွက်ဝင်ရောက်ကစားဖို့ အသင့်ရှိနေပြီကာ လက်ရှိ ရှမ်းအသင်းတွင် နိုင်ငံခြားသား ကစားသမား ၄ ဦး ( မွန်ကာလူး၊ မာ့ခ်ဆာကီ၊ ဘယ်လိုနှင့်မိုတို) ရှိနေပြီဖြစ်ကာ တိုက်စစ်ပိုင်း တိုးတက်လာအောင်ပြင်ဆင် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here