မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် တရုတ်နိုင်ငံမှဒုတိယ အကြိမ်မြောက် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

0
191

“မိုခါ”မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် တရုတ်နိုင်ငံမှ ဒုတိယအကြိမ်အဖြစ် လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများကို ဇူလိုင်လ (၂၁) ရက်က ရန်ကုန်ဆိပ်ကမ်း၌ လွှဲပြောင်းအပ်နှံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး မှ သိရသည်။

တရုတ်နိုင်ငံမှ ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းသည့် တန်ချိန် (၁၉၀) ရှိ ထောက်ပံ့ပစ္စည်းများဖြစ်သော စားသောက်ကုန်၊ ရေသန့်ဆေးပြား၊ ပိုးသတ်ဆေးပြား၊ ရေစုပ်စက်၊ မီးစက်၊ သယ်ဆောင်ရ လွယ်ကူသော ဆိုလာမီးလုံး၊ ရွက်ဖျင်တဲတို့ကို တရုတ်သံအမတ်ကြီး Mr. Chen Hai က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ၌ “မိုခါ”မုန်တိုင်းတိုက်ခတ်ပြီးနောက် ယွမ် (၉) သန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများနှင့် ယွမ် (၁) သန်းအား မုန်တိုင်းတိုက်ခတ်ပြီးစတွင်လှူဒါန်းခဲ့ပြီး ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here