ရုရှားသိမ်းယူထားသော ပိုင်နက်နယ်မြေ၏ ၅၀ ရာခိုင်နှုန်းအား ယူကရိန်းပြန်ယူထားနိုင်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဆို

0
156

ဝါရှင်တန်၊ဇူလိုင် ၂၄

ရုရှား – ယူကရိန်းအရေးစတင်ကတည်းက ရုရှားက သိမ်းယူထားသော ပိုင်နက်နယ်မြေများအနက် တစ်ဝက်ခန့်အား ယူကရိန်းကပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်သော်လည်း ယခုထက်ပိုမိုအနိုင်ရရန်ကား ယူကရိန်းအနေဖြင့် အခက်အခဲများစွာနှင့်ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။

“အခုလက်ရှိအချိန်အထိ ရုရှားသိမ်းထားတဲ့နယ်မြေတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ယူကရိန်းကပြန်သိမ်းထားနိုင်ပါပြီ” ဟု မစ္စတာဘလင်ကန်က စီအင်န်အေသတင်းဌာနသို့ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးကမူ တန်ပြန်ထိုးစစ်များ၏တိုးတက်မှုနှင့်ပတ်သက်၍ ဆန္ဒရှိသလောက်အောင်မြင်မှုမရသေးကြောင်းပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် ပျက်စီးယိုယွင်းနေသောဘက်ဂ်မက်မြို့အနီးတစ်ဝိုက်ရှိဒေသများနှင့် နိုင်ငံတောင်ပိုင်းရှိ ရွာငယ်အချို့အားပြန်လည်သိမ်းယူထားနိုင်သော်လည်း ရုရှားဘက်မှအခိုင်အမာတပ်စွဲထားသည့် ဒေသများ၌မူအောင်မြင်မှုမရသေးကြောင်းသိရသည်။

အမေရိက သည် ယူကရိန်းနှင့်ရုရှားအရေးစတင်ချိန်မှစ၍ ယူကရိန်းသို့စစ်ရေးအကူအညီအမြောက်အများပေးအပ်ခဲ့ပြီး ယခုလက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၄၁ ဘီလျံအထိရှိပြီဖြစ်သည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here