အီတလီဝန်ကြီးချုပ်က တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများဖြေရှင်းရန်အတွက် မဟာမိတ်များနှင့်ပူးပေါင်း

0
195

ရောမ၊ဇူလိုင် ၂၄

မြေထဲပင်လယ်၊အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများသည် တရားဝင်ခွင့်ပြုချက်မရှိသည့် ရွှေ့ပြောင်းနေထိုင်မှုနည်းပါးစေရန်နှင့်နေရပ်ကို စွန့်ခွာကာ ဥရောပသို့ရောက်ရှိရန်ကြိုးပမ်းမှုများအားတွန်းလှန်ရန် သဘောတူညီခဲ့ကြ‌ကြောင်းသိရသည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီဦးဆောင်သောအစည်းအဝေးအပြီး၌ လူမှောင်ခိုကူးခြင်းကို နှိမ်နင်းရန် မဟာမိတ်အသစ်များက ကတိပြုခဲ့ကြပြီး ရာသီဥတုပြောင်းလဲလာမှုကိုတိုက်ဖျက်ရန်နှင့် ဆင်းရဲသောနိုင်ငံများ၏အလားအလာများကို တိုးတက်ကောင်းမွန်လာစေရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဲ့သို့သောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ကိုမြှင့်တင်သွားရန်လည်းကတိပြုခဲ့ကြသည်။

အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀ ကျော်က အဆိုပါလုပ်ငန်းများအတွက် ရန်ပုံငွေထူထောင်ရန်ကတိပြုခဲ့ကြပြီး ယူအေအီးနိုင်ငံများ၏ ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမှုကိုလည်း ဝမ်းမြောက်ကြိုဆိုကြောင်း မစ္စမယ်လိုနီကဆိုခဲ့သည်။

“လူကုန်ကူးမှုကွန်ရက်တွေကို ရပ်တန့်ဖို့က ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက်တစ်ခုပါပဲ” ဟုလည်း ၎င်းကဆိုသည်။

ရွှေ့ပြောင်းနေထိုင်သူများ အဓိကထွက်ခွာရာနေရာဖြစ်သည့် ဥရောပသမဂ္ဂနှင့်တူနီးရှားတို့ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် နယ်စပ်စည်းမျဉ်းတင်းကြပ်ရေးများအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ပြီးခဲ့သည့်အပတ်ကသဘောတူညီခဲ့ကြသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here