Mauritius International 2023 တွင် သက်ထားသူဇာ တတိယဆု ရရှိ

0
190

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ Mauritius International 2023 တွင်တတိယဆု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံဖြစ်သည့် မောရစ်သျှနိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာက ၃၂ ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ တတိယဆုရရှိခဲ့သည်။

” မျော်လင့်ထားခဲ့တဲ့ ရလဒ်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် နှစ်တစ်နှစ်ရဲ့ ပထမဆုံးဆုတံဆိပ်ကို ကိုယ်တိုင်ရအောင်လုပ်နိုင်ခဲ့ပါတယ်” ဟု သက်ထားသူဇာက Instagram တွင်ရေးသားထားသည်။

လက်ရှိကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၈ တွင်ရပ်တည်နေပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ််သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေသည့်။သက်ထားသူဇာသည် လာမည့် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ST DENIS REUNION OPEN 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here