၀က်ဂနာတိုက်ခိုက်ရေးသမားများက ပိုလန်ကို တိုက်ခိုက်လိုသည်ဟု ဘီလာရုစ်သမ္မတပြောကြား

0
1054

ဝက်ဂနာကြေးစားတပ်မှ တိုက်ခိုက်ရေးသမားများက ပိုလန်နိုင်ငံကို တိုက်ခိုက်ရန် ကြံစည်နေကြောင်း ဘီလာရုစ်သမ္မတက လူကာရှန်ကိုက ရုရှားသမ္မတ ပူတင်အား ပြောကြားခဲ့သည်။

ဝက်ဂနာတိုက်ခိုက်ရေးသမားများ၏ပုန်ကန်မှုကိုအဆုံးသတ်ရန် ဘီလာရုစ်ခေါင်းဆောင်က ကြားဝင်စေ့စပ်ကူညီပေးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗလာဒီမာပူတင်နှင့်တွေ့ဆုံရာတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က စိန့်ပီတာစဘတ်မြို့ရှိ တီဗီကင်မရာများရှေ့တွင် ပူတင်နှင့်တွေ့ဆုံစဉ် လူကာရှန်ကိုက ဝက်ဂနာတိုက်ခိုက်ရေးသမားများက ပိုလန်သို့သွားရန် တောင်းဆိုနေသည်ဟု အခိုင်အမာပြောခဲ့ခြင်းဖြစ်သည်။

ဝက်ဂနာတိုက်ခိုက်ရေးသမားများသည် ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၁၀၀မျှပင်မဝေးသော ပိုလန်နိုင်ငံ၏ မြို့ကို ရည်ညွှန်းကာ “ငါတို့သည် ဝါဆော၊ Rzeszow သို့ အပျော်ခရီးထွက်ကြမည်” ဟု ၎င်းတို့က ပြောဆိုခဲ့ကြောင်းသူကဆိုသည်။

အဆိုပါ စကားလုံးများသည် ဘီလာရုစ်နှင့် ၎င်း၏ အနောက် အိမ်နီးချင်း ပိုလန်နိုင်ငံတို့ကြား တင်းမာမှုများ အရှိန်မြှင့်လာခြင်း၏ နောက်ဆက်တွဲ ဖြစ်ပုံရသည်။

ပုန်ကန်မှုအပြီး သဘောတူညီချက်အရ ဝက်ဂနာတိုက်ခိုက်ရေးသမား အများအပြားသည် ဘီလာရုစ်နိုင်ငံတွင် ပြည်နှင်ဒဏ်ခံပေးထားရပြီးနောက်၊ ၎င်းတို့အား ပိုလန်နယ်စပ်အနီးသို့ ရွှေ့ပြောင်းခဲ့ပြီး ဘီလာရုစ်စစ်တပ်နှင့် ပူးတွဲ၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

ယင်းကြောင့် ပိုလန်သည် ၎င်း၏တင့်ကားများနှင့် တပ်ဖွဲ့များကို ဘီလာရုစ်နယ်စပ်အထိ ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။

သမ္မတ ပူတင်ကလည်း ဘီလာရုစ်နိုင်ငံတွင် နျူလက်နက်အချို့ကို တပ်ဖြန့်ထားပြီးဖြစ်ကာ ဘီလာရုစ်နိုင်ငံအပေါ် မည်သည့်တိုက်ခိုက်မှုကိုမဆို ရုရှားနိုင်ငံအား တိုက်ခိုက်မှုအဖြစ် မှတ်ယူမည်ဟု ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here