နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှု ဇူလိုင်လ (၂၄) ရက်မှ စတင်ကာ ရင်းဂစ် (၄၈၀) သို့ တိုးမြှင့်ကောက်ခံမည်

0
289

နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ (၂၄) ရက်မှစတင်ကာ ယခင်ကောက်ခံခဲ့သည့် (၃၃၀) ရင်းဂစ်မှ (၄၈၀) ရင်းဂစ်သို့ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇူလိုင်လ(၂၄)ရက်တွင် သတင်းထုတ်ပြန်ကြေညာထားသည်။

ကွာလာလမ်ပူမြို့ မြန်မာသံရုံးအနေဖြင့် ညွှန်ကြားချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကောက်ခံမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၄ ရက်မှစတင်၍ ယခင်ကောက်ခံနေသည့် ဒေသသုံးရင်းဂစ်(၃၃၀)အစား ရင်းဂစ်(၄၈၀)သို့ ပြောင်းလဲကောက်ခံသွားမည်ဟု ရေးသားဖော်ပြထားခြင်းသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး/ပျောက်ဆုံး/အသစ်လျှောက်သူ နိုင်ငံသားများ အလွန်များပြားလျက်ရှိနေပြီး ရက်ချိန်းများကိုလည်း နေ့စဉ်သတ်မှတ်ထားသည့်အရေအတွက်များအတိုင်း ထုတ်ပေးလျက်ရှိကြောင်း ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် ကြေညာထားသည်။

ထို့ပြင် ရက်ချိန်းရယူထားသူများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးမည့် နေ့ရက်များကို သံရုံး၏ လူမှုကွန်ရက်စာမျက်နှာနှင့် Website များတွင် အချိန်နှင့်တပြေးညီကြေညာပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရယူထားသည့် ရက်ချိန်းနေ့ရက်များတွင်သာ မြန်မာသံရုံးသို့ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ လာရောက်၍ နိုင်ငံကူးလက်မှတ်ကိစ္စရပ်များကို ဆောင်ရွက်ရမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here