အင်ဒိုနီးရှားတွင် ကူးတို့သင်္ဘောနစ် ၊လူ ၁၅ ဦးထက် မနည်း သေဆုံး

0
149

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းကမ်းလွန်၌ ဇူလိုင်လ ၂၃ ရက် တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ကူးတို့သင်္ဘောငယ်တစ်စီး နှစ်မြုပ်ခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး လူ ၁၉ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဒေသခံ သတင်းစာများ၏ ဖော်ပြချက်အရ လူအယောက် ၄၀ လိုက်ပါလာသော သင်္ဘောငယ်သည် တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲခန့်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လူအယောက် ၄၀ မှ ခြောက်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း အတည်ပြုထားနိုင်သည်။ သေဆုံးသူ ၁၅ ဦးမှအပ ကျန် ၁၉ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သဖြင့် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေရသည်။

“သေဆုံးသူအားလုံးရဲ့ အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီး ကျန်ရစ်သူ မိသားစုတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်၊ အသက်ရှင်ကျန်ရစ်သူတွေကိုတော့ ဒေသခံ ဆေးရုံမှာ ဆေးကုသပေးနေပါတယ်” ဟု အရှေ့တောင်ဆူလာဝေစီ ပြည်နယ်၊ ကန်ဒါရီ မြို့ရှိ ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ ခေါင်းဆောင် မူဟာမက် အရာဖာက ပြောခဲသည်။

သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကနဦးစုံစမ်းမှုများအရ လိုက်ပါသူဦးရေ အလွန်များနေခြင်းေကြာင့်ဖြစ်နိုင်ကြောင်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here