နိုင်ငံခြားငွေလဲဈေးကွက်အတွင်း ထိုင်းဘတ်ငွေနှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတက်နေပြီး စောင့်ကြည့်အနေအထားဖြစ်နေ

0
308

နိုင်ငံခြားငွေလဲဈေးကွက်အတွင်း ထိုင်းဘတ်ငွေလဲနှုန်း၊ ကန်ဒေါ်လာလဲနှုန်း မြင့်တက်နေပြီး အချို့မှာ အရောင်းအဝယ်ရပ်ထားကြကြောင်း ပြင်ပငွေကြေးဈေးကွက်အ တွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်တွင် ထိုင်းဘတ်ငွေ (၁) ဘတ်လျှင် မြန်မာငွေ ၈၈ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ ဇူလိုင်လ (၂၄) ရက်၌ ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာငွေ ၉၅ ကျပ် ဝန်းကျင်အထိ စျေးမြင့်တက်ခဲ့ပြီး ဒေါ် လာငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၃၃၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးကွက်အတွင်း ဈေးမတည်မငြိမ်ဖြစ်ပေါ်နေသည့်အတွက် အချို့သော အရောင်းအဝယ် ပြုလုပ်သူများမှာ ယနေ့တွင် ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ဘဲ ဆိုင်းငံ့ကာ စောင့်ကြည့်နေကြကြောင်း သိရသည်။

“ငွေကျပ် ၂၀၀၀၀ တန် နောက်ဆက်တွဲကိစ္စတွေက ဒီအချိန်ပြောဖို့ စောသေးတယ်။ စောင့်ကြည့်ရဦးမှာပေါ့” ဟု သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဗဟိုဘဏ်မှ အထိမ်းအမှတ်အနေဖြင့် ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်တွင်း ရွှေဈေးကွက်နှင့် နိုင်ငံခြား ငွေဈေးကွက်တွင် ဈေးကစားရန် ကြံစည်မှုများ ရှိနေသည့်အတွက် ဈေးနှုန်း မတည်မငြိမ်ဖြစ်ပေါ်လျက်ရှိကာ ရွှေဆိုင်အချို့ အရောင်းပိတ်ထားသလို နိုင်ငံခြားငွေလဲဈေးကွက်တွင်လည်း လက်ရှိအချိန်အထိ အရောင်းပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here