အောင်မြေသာစံမြို့ရှိ “ဂျီဝမ်း”ဆေးဆိုင်ကို သေနတ်ပြခြိမ်းခြောက်ပြီး ဓားပြတိုက်

0
204

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ “ဂျီဝမ်း”ဆေးဆိုင်ကို ဇူလိုင်လ ၂၄ ရက်၊ ညပိုင်းက သေနတ်ပြခြိမ်းခြောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခွဲခန့်က အမည်မသိအမျိုးသား (၅) ဦးသည် အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ “ဂျီဝမ်း”ဆေးဆိုင်သို့ ရောက်ရှိလာကာ သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း (၃၀၀) နှင့်ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

“ဓားပြတိုက်သွားတယ်ဆိုတာသိတာနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။ လုယက်ယူဆောင်သွားတဲ့ ငွေကြေးတန်ဖိုးက သိန်း (၃၀၀)ပါ ။ ရွှေထည်တန်ဖိုးကတော့ စီစစ်ဆဲပါ”ဟု လုံခြုံရေးအဖွဲနှင့်နီးစပ်သူတစ်ဦးကပြောကြားသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ အမျိုးသား (၅) ဦးအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here