အိန္ဒိယတွင် လင်းပိုင်အား မတော်တဆ ဖမ်းမိပြီးနောက် စားပစ်လိုက်သော တံငါးသည်များကို ရဲများ လိုက်ဖမ်းနေ

0
142

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ်ရှိ ရဲတပ်ဖွဲ့သည် ယမုံနာမြစ်မှ လင်းပိုင်တစ်ကောင်အား မတော်တဆဖမ်းမိသည်ဟုဆိုကာ စားပစ်လိုက်သော တံငါးသည် ငါးဦးကို အမှုဖွင့် အရေးယူထားကြောင်း ပီတီအိုင် သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ လင်းပိုင်နှင့် ပတ်သက်သော ဗီဒီယိုသည် ဇူလိုင်လ ၂၃ ရက် တနင်္ဂနွေနေ့တွင် အင်တာနက်ပေါ်၌ နာမည်ကြီးသွားပြီးနောက် ရဲများက ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

ကောင်းရှန်မ်ဘီ ခရိုင်ရှိ ရဲတပ်ဖွဲ့က ၎င်းတို့သည် ပြစ်မှုကျူးလွန်သူ တံငါးသည် ငါးဦး အနက် မှ တစ်ဦးကို ဖမ်းမိထားပြီး အခြားသူများကိုလည်း ဖမ်းဆီးရန်အတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ ထိုတံငါးသည်များကို ယမုံနာမြစ်ရှိ ဂင်္ဂါမြစ်လင်းပိုင်များကို အမဲလိုက်ဖမ်းဆီးမှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်သည်။

ဖမ်းခံထားရသူ၏ အမည်မှာ ရန်ဂျစ်ဖြစ်ပြီး ဆန်ဂျေး၊ ဒီဗန်၊ ဘာဘာဂျီနှင့် ဂင်ဒါလာ တို့ကမူ ထွက်ပြေးနေဆဲဖြစ်သည်ဟု သိရသည်။

ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ အင်တာနက်အသုံးပြုသူများကပါ ဒေါသူပုန်ထနေပြီး ထိုတံငါးသည်များအား ပြင်းထန်သော ပြစ်ဒဏ်ပေးရန် တောင်းဆိုထားသည်။ လင်းပိုင်များသည် ချစ်စရာအကောင်းဆုံးနှင့် ဉာဏ်အကောင်းဆုံး သတ္တဝါများထဲမှ တစ်ခုဖြစ်ပြီး လူသားတစ်ဦးကဲ့သို့ စိတ်ခံစားချက် အားလုံးနီးပါးကို ချပြတတ်သည့်အပြင် မျိုးသုဥ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော သတ္တဝါမျိုးစိတ်လည်း ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here