တရုတ်နိုင်ငံ၏ထိပ်တန်းကိုယ်စားလှယ်အဖွဲ့မြောက်ကိုရီးယားသို့သွားမည်

0
243

ဆိုးလ်၊ဇူလိုင် ၂၄

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံနယ်နိမိတ်များအားပိတ်ထားသည့်ပြုံယမ်းသို့ ပထမဆုံးအကြိမ်အနေဖြင့် တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သည်ယခုတစ်ပတ်အတွင်းသွားရောက်မည်ဖြစ်ကြောင်း‌ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ကပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေး ဦးဆောင် (ပေါလစ်ဗျူရို) အဖွဲ့ဝင် မစ္စတာလီ‌ဟောင်ချန်သည် ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနား၌ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်းလည်း KCNA သတင်းတွင်ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ၎င်း၏အဓိကစီးပွားရေးနှင့်နိုင်ငံရေးမဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံနှင့်ပင် ကုန်သွယ်ရေးနှင့်သံတမန်ဖလှယ်မှုအားလုံးကိုပိတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပိုင်မီဒီယာ၌လည်း ယခုခရီးစဉ်သည် နိုင်ငံရေးမူဝါဒ အပြောင်းအလဲတစ်စုံတစ်ရာရှိမရှိကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here