လူမြင်ကွင်းမှ ပျောက်ကွယ်နေသော တရုတ်နိုင်ငံခြားရေးဝန်ကြီးအား ရာထူးမှ ဖယ်ရှားလိုက်ပြီ

0
169

တရုတ်အစိုးရသည် နိုင်ငံရေးခြားဝန်ကြီး ကျင်ဂန်းကို ဇူလိုင်လ ၂၅ ရက် အင်္ဂါနေ့တွင် ရာထူးမှ တရားဝင် ဖယ်ရှားလိုက်ပြီဖြစ်သည်။

တရုတ်ပါလီမန်၏ ထိပ်တန်း ဆုံးဖြတ်ချက်ချရေးအဖွဲ့က အတည်ပြုခဲ့သော အဆိုပါအရွေ့သည် လူမြင်ကွင်းမှ တစ်လကြာ ပျောက်ကွယ်နေသော ကျင်နှင့် ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်လာချိန် ရုတ်တရတ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ရှီကျင့်ဖျင်၏ လူယုံ လက်ထောက်ဖြစ်သည့် ၅၇ နှစ်အရွယ် ကျင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလကမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်း၏ နေရာကို ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိ့က ပြန်လည်တာဝန်ယူသွားမည် ဖြစ်သည်။

ကျင်ကို ပေကျင်းတွင် သီရိလင်္ကာ၊ ဗီယက်နမ်နှင့် ရုရှားနိုင်ငံများမှ အရာရှိများနှင့်အတူ တွေ့ရပြီးနောက်ပိုင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် လူမြင်ကွင်း၌ နောက်ဆုံးအကြိမ် တွေ့မြင်ခဲ့ရသည်။ ထိုသို့ ပျောက်ကွယ်သွားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အပြည့်အဝ မရှင်းပြထားပေ။ ယခုလအစောပိုင်းက ကျင်းပခဲ့သော သံတမန်အစည်းအဝေးနှင့် လွဲချော်ခဲ့သည့် အချိန်တုန်းကသာ ကျန်းမာရေးကြောင့်ဟူ၍ အတိုချုံး ဖြေကြားထားခဲ့သည်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here