ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၌ ကိုဗစ်ရောဂါပိုးတွေ့

0
113

တရုပ် (တိုင်ပေ)၊ဇူလိုင် ၂၅

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၌ ဇူလိုင် ၂၅ ရက်တွင်ကိုဗစ်ရောဂါပိုးတွေ့ရှိရကြောင်း သမ္မတရုံးကပြောကြားခဲ့ပြီး အင်္ဂါနေ့မွန်းလွဲပိုင်းရှိ ၎င်း၏ခရီးစဉ်များကိုဖျက်သိမ်းလိုက်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

မစ္စဆိုင်သည် အနည်းငယ်မအီမသာဖြစ်သည်ဟုဆိုသဖြင့် စစ်ဆေးကြည့်ရာမှ ယခုကဲ့သို့ ကိုဗစ်ရောဂါပိုးအားစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်၌ပါရှိသည်။

“သမ္မတကအခုလောလောဆယ် လက္ခဏာအပျော့စားလေးတွေပဲပြနေပြီး ဆေးအဖွဲ့ကဂရုတစိုက်ကုသပေးနေပါတယ်၊အနားယူဖို့လိုအပ်တာကြောင့်သမ္မတရဲ့အလုပ်အချိန်ဇယားတွေကိုဖျက်သိမ်းဖို့အကြံပြုလို့ရပ်နားလိုက်တာပါ” ဟုလည်းကြေငြာချက်၌ပါရှိသည်။

အခြားတစ်ဖက်၌လည်း စူပါတိုင်ဖွန်း ဒေါ့ခ်ဆူရီ သည် ထိုင်ဝမ်တောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ကာ လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုတို့ဖြစ်‌ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် ဝန်ကြီးချုပ် Chen Chien-jen အား သမ္မတကတိုက်တွန်းမှာကြားထားကြောင်း အဆိုပါထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here