တရုတ်နိုင်ငံခြားရေး ဝန်ကြီးအသစ် ရာထူးမှ ဖယ်ရှားခံရ

0
142

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး Qin Gang သည် ယမန်နေ့ အင်္ဂါနေ့က ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း နိုင်ငံတကာ သတင်းဌာနများကရေးသားကြသည်။

သူ့အား ဇွန် ၂၅ ရက်က လူမြင်ကွင်းတွင် နောက်ဆုံးမြင်တွေ့ခဲ့ရပြီးနောက် လူအများမြင်ကွင်းမှ တစ်လခန့်ကြာ ကွယ်ပျောက်သွားခဲ့ကာ ယခု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အသက် ၅၇ နှစ်အရွယ် Qin Gang သည် ဝါရှင်တန်ဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

ယခင် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ယခုလစ်လပ်သွားသော နိုင်ငံခြားရေးဝန်ကြီး ရာထူးသို့ ပြန်လည်ဝင်ရောက်တော့မည်ဖြစ်ကြောင်း သိရသည်။

Wang Yi သည် ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးဌာန အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်နေကာ တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်တစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here