ပခုက္ကူမြို့တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

0
449

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “တမာရိပ်”စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်သိန်းသည် ယနေ့ ဇူလိုင်လ (၂၆) ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၉) နာရီခန့်တွင် ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြသီတာလမ်းနှင့် (၅)လမ်းထောင့်ရှိ “တမာရိပ်” စားသောက်ဆိုင်အတွင်းသို့ အမည်မသိ အမျိုးသား (၃) ဦး ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင် ဦးမြင့်သိန်းအား သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဖြစ်စဥ်က ဟုတ်ပါတယ်။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်။ ပြစ်မှုကျူးလွန်တဲ့ လူတွေကို ဖမ်းမိရင်တော့ အကြောင်းအရင်းကို သိရမှာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်သိန်းသည် ဦးခေါင်းနှင့် နောက်ကျောတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here