လျှပ်စစ်သုံးယာဉ်များကို Pre order ဖြင့်ကြိုတင်ရောင်းချခြင်းမပြုရန် အသိပေး

0
133

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စက်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လူမှုကွန်ရက်တွင်လည်းကောင်း၊ Show room များတွင်လည်းကောင်း Pre order ဖြင့်ရောင်းချခြင်းမပြုရန် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီကအသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်သုံးယာဉ်များအား လူမှုကွန်ရက်တွင်လည်းကောင်း၊ Show room များတွင်လည်းကောင်း Pre order ဖြင့်ရောင်းချနေမှုများရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ်များပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်နှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန် ၊ လူမှုကွန်ရက်တွင် ကြေညာရောင်းချခြင်းမပြုရန် ၊ မော်တော်ယာဉ်ရောက်ရှိခြင်းမရှိဘဲ Pre order ဖြင့်ကြိုတင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ယင်းကြောင့် ကုမ္ပဏီများအနေဖြင့် တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ပြည်တွင်းသို့(ICE)လောင်စာသုံးလူစီးယာဉ်အုပ်စုအားအသစ်တင်သွင်းခွင့်ရပ်ဆိုင်းထားသောကြောင့်ပြည်တွင်းကားစျေးကွက်အတွင်းစျေးနှုန်းများမြင့်တက်နေသဖြင့် EVကားများဝယ်ယူရန်စိတ်ဝင်စားလာကြပြီး EVကားသုံးစွဲသူပြည်သူများနစ်နာမှုမရှိစေရေး၊ကြိုတင်မှာယူမှုများကြောင့်ဆုံးရှုံးနစ်နာမှုမရှိစေရေးအသိပေးကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်းသိရသည်


LEAVE A REPLY

Please enter your comment!
Please enter your name here