ဗုဒ္ဓဂယာ ဘုရားဖူးကုမ္ပဏီများ မှတ်ပုံတင်လျှောက်ထားရမည်

0
172

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဗုဒ္ဓဂယာ ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသည့် ခရီးသွားကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ဗုဒ္ဓဂယာဘုရားဖူး လုပ်ငန်းကော်မတီမှ သိရသည်။

အဆိုပါ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီအသစ်များအပါအဝင် ကုမ္ပဏီအဟောင်းများလည်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်စာရင်းပေးသွင်းရမည့်ရက်မှာ ဇူလိုင်လ (၂၄) ရက်မှ ဩဂုတ်လ (၂၅)ရက် အထိဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဂယာ ဘုရားဖူးရာသီသည် နှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိဖြစ်ပြီး လက်ရှိတွင် ဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှု လုပ်ကိုင်နေသည့် ကုမ္ပဏီအရေအတွက် (၁၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။

ဗုဒ္ဓဂယာခရီးစဉ် ကုန်ကျစရိတ်မှာ တစ်ဦးလျှင် အနည်းဆုံး (၁၀) သိန်းကျပ် အထက်တွင်ရှိပြီး ပြီးခဲ့သည့်နှစ်ပိုင်းက ယာယီရပ်နားခဲ့သည့် ဗုဒ္ဓဂယာ စင်းလုံးငှားလေယာဉ်ခရီးစဉ်များကိုလည်း မနှစ်ထဲက စတင်ပျံသန်းနေကြောင်းလည်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ သိရသည်။

ဓာတ်ပုံ – ဗုဒ္ဓဂယာ ဘုရားဖူးဝန်ဆောင်မှုကုမ္ပဏီများ


LEAVE A REPLY

Please enter your comment!
Please enter your name here