ကျောက်တံခါးမြို့နယ်အတွင်းက မိုင်းခွဲဖျက်ဆီးခံထားရသည့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်အား ပြန်လည်ပြင်ဆင်နေ

0
261

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းမှ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့် တောင်ငူ – သာယာကုန်း (၂၃၀) ကေဗွီဓာတ်အားလိုင်း၏ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်အား ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးရှိ တောင်ငူ – သာယာကုန်း (၂၃၀) ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၂၄၅)နှင့်(၂၄၆) တို့အား ဇူလိုင် (၂၄) ရက် ညပိုင်းတွင် အမည်မသိအဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တာဝါတိုင်အမှတ် (၂၄၅) သည်ယိုင်နဲ့သွားခဲ့ပြီး တာဝါတိုင်အမှတ် (၂၄၆)မှာ ကျိုးကျသွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပျက်စီးသွားခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင် (၂)တိုင်အား ကျောက်တံခါးမြို့ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်းများက ဇူလိုင်လ (၂၅) ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here