အနောက်ဩစတြေးလျရှိ ကမ်းခြေတစ်ခုတွင် ဝေလငါး ၅၁ ကောင် သောင်တင်၍ သေဆုံး

0
301

ဆစ်ဒ်နီ၊ ဇူလိုင် ၂၆

ဝေလငါး အကောင် ၅၀ ကျော်သည် ဩစတြေးနိုင်ငံ၊ အနောက်ဩစတြေးလျ ပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင် နာရီအတော်ကြာ သောင်တင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ရကြောင်း အာဏာပိုင်များက ဇူလိုင်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အကောင်ရေ ၁၀၀ ခန့်ပါဝင်သည့် ဆူးတောင်ရှည် လမ်းပြ ဝေလငါးအုပ်စုသည် အယ်လ်ဘာနီမြို့အနီးရှိ ချေးနီ ကမ်းခြေ၌ သောင်တင်နေသည်ကို အင်္ဂါနေ့ ညနေပိုင်းလောက်က စတင်တွေ့ရှိခဲ့ရသည်။

အဆိုပါ ဝေလငါးအုပ်စုကို ပြည်နယ်ရှိ ဥယျာဉ်များနှင့် သဘာဝတိရစ္ဆာန် ဥယျာဥ်ဌာနမှ ကျွမ်းကျင်သူများနှင့် စေတနာ့ဝန်ထမ်းများက အင်္ဂါနေ့ တစ်ညလုံး မျက်ခြေမပျက် စောင့်ကြည့်ခဲ့ကြသည်။ ဌာနမက ထုတ်ပြန်ခဲ့သော ဗုဒ္ဓဟူးနေ့က အတည်ပြုချက်အရ အုပ်စုထဲမှ ဝေလငါး ၅၁ ကောင်မှာ သေဆုံးသွားပြီဖြစ်သည်။

လက်ရှိအချိန်တွင်မူ ဌာနသည် ကျန်ရှိနေသာ ဝေလငါး ၄၆ ကောင်ကို ရေနက်ပိုင်းသို့ ပို့ဆောင်ရန်အတွက် စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။

ဩဇီနှင့် နူးဇီလန်နိုင်ငံတို့၌ လမ်းပြ ဝေလငါးများ အစုအပြုံလိုက် သောင်တင်သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း လမ်းပြ ဝေလငါး အကောင် ၅၀၀ နီးပါး နူးဇီလန်၌ သောင်တင်ပြီး သေဆုံးသွားခဲ့သည်။ ထိုသို့ အစုအပြုံလိုက် သောင်တင်မှု မကြာခဏ ဖြစ်ပွားနေသော်လည်း သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်သူများသည် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးသလို အဖြေလည်း ထုတ်မပေးနိုင်သေးချေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here