ကိုကိုးလီရဲ့ ဈာပနာပွဲ Youtube မှာ တိုက်ရိုက် ပြမယ်

0
281

ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် ဟောင်ကောင်နွယ်ဖွား အာရှနာမည်ကြီး တေးရေး/ တေးဆို ကိုကိုးလီရဲ့ ဈာပနာပွဲကို Youtube ပလက်ဖောင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တဲ့ ကိုကိုးလီရဲ့ ညီမဖြစ်သူ နန်စီလီက သူ့အမရဲ့ ဈာပနာပွဲကို နော့ပွိုင့် ရပ်ကွက်က ဟောင်ကောင် နာရေးအိမ်မှာ ဇူလိုင်လ ၃၁ ရက်ကနေ ဩဂုတ်လ ၁ ရက်နေ့အထိ ကျင်းပမယ်လို့ ကြေညာထားခဲ့ပါတယ်။

အခုအခါမှာလည်း နန်စီလီဟာ ဈာပနာပွဲဆီ လူကိုယ်တိုင် မတက်ရောက်နိုင်တဲ့ ကိုကိုးရဲ့ ပရိသတ်တွေအတွက် ဈာပနာအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့ကျရင် ဒေသစံတော်ချိန် ညနေ ၄ နာရီကနေစပြီး သူ့အမရဲ့ Youtube ချန်နယ်ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသမယ်လို့ ပြောလာပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကိုကိုးဟာ နှစ်ပေါင်းများစွာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ နေအိမ်မှာ သေကြောင်းကြံပြီးတဲ့နောက် ဇူလိုင်လ ၅ ရက်နေ့ အရောက်မှာတော့ ကိုကိုးတစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။

၁၉၉၀ပြည့်နှစ် နဲ့ ၂၀၀၀ ပြည့်နှစ်အလွန်ကာလတွေမှာ အာရှရဲ့ အအောင်မြင်ဆုံး ပေါ့ပ်အဆိုတော်တစ်ဦး ဖြစ်ခဲ့တဲ့ ကိုကိုးဟာ ဒေါ်လာ ၂၇ သန်းကျော် တန်ကြေးရှိတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုအများစုကို ၈၆ နှစ်အရွယ် အမေဖြစ်သူဆီ ချန်ထားခဲ့တယ်လို့လည်း သိရပါတယ်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here