စမ်းချောင်း မဟာမြိုင်မှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 21 ကားမီးလောင်မှုဖြစ်

0
251

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ပြည်လမ်းပေါ်ရှိ မဟာမြိုင်မှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 21 ကား ဇူလိုင် ၂၇ ရက်(ယနေ့)နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အခင်း ဖြစ်နေရာအနီးနေသူများထံမှ သိရသည်။

“ရုတ်တရက်မီးထလောင်တာ ခရီးသည်တွေလည်းဆင်းပြေးကြတာတွေ့တယ် မြေနီကုန်းတံတားအဆင်းက မဟာမြိုင်မှတ်တိုင်နားမှာဖြစ်တာပါ မီးသတ်တွေအချိန်မီရောက်လာပြီး ဝိုင်းငြိမ်းကြတာဆိုတော့ မီးလောင်ချိန်သိပ်မကြာဘူး”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြော သည်။

မီးလောင်မှုအား စမ်းချောင်းမြို့နယ်မီးသတ်စခန်းနှင့်ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီတွင် မီးငြိမ်းသွားခဲ့ကာ မီး လောင်ရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here