တပ်မ​တော်မိသားစုများ ဝါဆိုသင်္ကန်းလှူဒါန်း

0
206

၂၀၂၃ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအားဒုတိယဝါဆိုလဆန်း ၉ရက် (ဇူလိုင် ၂၆ ရက်)နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းယသန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာန နာယကအဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ဆရာတော်ကြီးအမှူးပြုသည့် ဥပ္ပါတသန္တိစေတီကြီး၏ ဩဝါဒါ စရိယဆရာ တော်ကြီးများအပါအဝင် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

အခမ်းအနားသို့ နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥ က္ကဋ္ဌနှင့်ဇနီး၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီးတို့အပါအဝင် တပ်မတော်အရာရှိကြီးများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားတော်မူခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုအသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကျောက်မဲမြို့၊သီဟိုဠ် ပရိယတ္တိစာသင်တိုက်၊ပဓာနနာယကဆရာတော်ကြီးက အနုမောဒနာတရား​ဟောကြားပေးပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here