ကင်မ်ဂျုံအန်းကရုရှားကာကွယ်ရေးဝန်ကြီးအားလက်ခံတွေ့ဆုံ

0
167

ပြုံယမ်း၊ဇူလိုင် ၂၇

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် ရုရှားကာကွယ်ရေးဝန်ကြီး မစ္စတာဆာဂေးရှိုက်ဂိုနှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ လက်ခံတွေ့ဆုံခြင်းသည် ကိုဗစ်ရောဂါကြောင့် နိုင်ငံနယ်နိမိတ်များအားလုံးကို ပိတ်ချလိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေဖြင့်ပြင်ပဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းဖြစ်သဖြင့် နယ်စပ်စည်းမျဉ်းတင်းကြပ်မှုကို လျှော့ချရေးအတွက်လည်း မျှော်လင့်ချက်ဖြစ်သည်ဟုဆိုသည်။

၎င်းတို့သည် နိုင်ငံတော်ကာကွယ်ရေး၊လုံခြုံရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးအတွက် အပြန်အလှန်အလေးထားသည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး အမျိုးအစားသစ် လက်နက်နှင့်ကိရိယာများ ခင်းကျင်းပြသထားသည့်လက်နက်ပြပွဲသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြသည်ဟုသိရသည်။

မြောက်ကိုရီးယားအနေဖြင့် ကိုရီးယားစစ်ပွဲနှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကိုကျင်းပမည်ဖြစ်ကာ အဆိုပါအခမ်းအနား၌ထည့်သွင်းရန် စစ်ရေးပြကိုလည်းလေ့ကျင့်နေပြီး အဆိုပါအခမ်းအနားမှနိုင်ငံ့စစ်အင်အားကိုလည်းသိရှိနိုင်သည်။

အဆိုပါအခမ်းအနားအတွက် ပြည်ပဧည့်သည်များအားဖိတ်ကြားထားခြင်းကြောင့်လည်း နယ်စပ်စည်းမျဉ်းလျှော့ချရေးအပြောင်းအလဲအတွက်မျှော်လင့်ချက်ဖြစ်လာခဲ့သည်။မြောက်ကိုရီးယားသည် ကိုဗစ်ကြောင့် ၂၀၂၀ ပြည့်နှစ် ကတည်းက နယ်စပ်များကိုပိတ်ထားခဲ့ပြီး ပြည်ရောက်၎င်း၏နိုင်ငံသားများကိုပါအဝင်မခံခဲ့ခြင်းလည်းဖြစ်သည်။

ကိုရီးယားစစ်ပွဲနှစ်ပတ်လည်အခမ်းအနားမတိုင်မီ ရုရှားကာကွယ်ရေးဝန်ကြီး၊တရုတ်ကိုယ်စားလှယ်အဖွဲ့တို့နှင့် ကင်မ်ဂျုံအမ်းတို့၏တွေ့ဆုံမှုသည် မြောက်ကိုရီးယား နယ်စပ်ထိန်းချုပ်မှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာချဉ်းကပ်မှုတွင် အလားအလာရှိသောအပြောင်းအလဲများကိုအချက်ပြနေသည်ဟုလည်းဆိုသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here