အင်ဒိုနီးရှား မြို့တော်သစ် နူဆန်တာရာတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား

0
192

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ် နူဆန်တာရာသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ လက်ရှိမြို့တော် ဂျကာတာမှ မြို့တော်အသစ်ဖြစ်သော အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာမြို့တော်သို့ တရားဝင်ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြောင်းရွှေ့မည့် မြိုတော်သစ် နူဆန်တာရာတွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားခြင်းလည်း ဖြစ်သည်။

အဆိုပါ နူဆန်တာရာရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ စီမံကိန်းတာဝန်ရှိသူ၏ ဖုန်းမှသော်လည်းကောင်း၊ Email မှတဆင့်‌သော်လည်းကောင်း တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here