၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အာရှဇုန်တွင် မြန်မာနှင့်မကာအို တွေ့ဆုံ

0
118

ကမ္ဘာ့ဖလား ၂၀၂၆ ခြေစစ်ပွဲ (အာရှဇုန်-ပထမအဆင့်)နှင့် အာရှဖလား (၂၀၂၇) ခြေစစ်ပွဲ မဲခွဲပွဲရလဒ်အရ မြန်မာ့လက်ရွေးစင်နှင့် မကာအိုလက်ရွေးစင်တို့ တွေ့ဆုံနေကြောင်း သိရသည်။

မဲခွဲပွဲကို ယနေ့ ဇူလိုင် ၂၇ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမအဆင့်ခြေစစ်ပွဲ အာရှဇုန်ပထမအကျော့ပွဲစဥ်ကို လာမည့် အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ဒုတိယအကျော့ပွဲစဥ်ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် အိမ်ကွင်းအဝေးကွင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပထမအဆင့်ခြေစစ်ပွဲမှ အနိုင်ရရှိမည့် ၁၀ သင်းသည် (၂၀၂၆) ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အာရှဇုန်ကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဒုတိယအဆင့်မှသာ စတင်ယှဉ်ပြိုင်ခဲ့ရသော်လည်း ယခုအခါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်နိမ့်ကျသွားသည့်အတွက် ပထမအဆင့်ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here