ထိုင်း၌ဘတ်‌ငွေတစ်ဘီလျံထုတ်ပေးရန်ငြင်းဆန်သည့်ဘဏ်မန်နေဂျာအား ဓားဖြင့်ထိုး

0
226

ဘန်ကောက်၊ဇူလိုင် ၂၇

ထိုင်းနိုင်ငံ၌ ဘတ်ငွေတစ်ဘီလျံထုတ်ယူလိုသည်ကို ထုတ်မပေးသည့်အတွက် ဘဏ်မန်နေဂျာအား ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။စုံစမ်းကြည့်သောအခါ အဆိုပါအမျိုးသားသည် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်ကာ စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးလည်းဖြစ်ကြောင်းသိရှိရသည်။

CCTV မှတ်တမ်းများအရ အဆိုပါအမျိုးသားသည် ဘဏ်အတွင်းသို့တည့်တည့်ဝင်ချလာပြီး မန်နေဂျာအားပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တိုက်ခိုက်မှုမလုပ်ခင်၌ ၎င်းကစာအုပ်ကိုပြပြီး သူ၏အကောင့်ထဲမှဘတ်ငွေတစ်ဘီလျံထုတ်ယူချင်ကြောင်းပြောကြားသဖြင့်စစ်ဆေးကြည့်ရာ ၎င်း၏ကိုယ်ပိုင်ပိုက်ဆံမှာ ၃၄ ဘတ်သာရှိသည်ဟုသိရသည်။

သို့သော်အဆိုပါအမျိုးသားက ၎င်း၏မိတ်ဆွေငွေလွှဲထားသဖြင့် ၃၄ ဘတ်သာရှိသည်ကိုမယုံကြည်နိုင်ဖြစ်ကာ မထုတ်ပေးချင်သောကြောင့်ယခုကဲ့သို့ ပြောခြင်းဖြစ်သည်ဟုဆိုကာ ပြဿနာရှာခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့်ပြစ်မှုကျူးလွန်သူအား စွဲချက်တင်တရားစွဲထားပြီး တရားဥပဒေအရ အဆိုပါပြစ်မှုသည် ထောင်ဒဏ်တစ်သက် (သို့) ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ အထိချမှတ်နိုင်ကြောင်းသိရသည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here