ပုသိမ် အမှတ် (၂) တံတားသံဘောင်ပေါ်သို့ အမျိုးသားတစ်ဦိး ‌ဆေးကြောင်တက်သွားသည့်အတွက် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရ

0
230

‌ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ် အမှတ် (၂) တံတားသံဘောင်ပေါ်သို့ အမျိုးသားတစ်ဦိး ‌ယနေ့ ဇူလိုင် ၂၇ နေ့လယ်က ဆေးကြောင်ပြီိး တက်သွားသည့်အတွက် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရကြောင်း သိရသည်။

အသက် ၃၀ အရွယ်ရှိအမျိုးသားတစ်ဦးသည် ပုသိမ် အမှတ် (၂) တံတားသံဘောင်ပေါ်သို့ မည်သို့မည်ပုံမသိ တက်ရောက်သွားကြောင်း ယနေ့ နေ့လယ် ၂ နာရီခန့်က သတင်းရရှိသည့်အတွက် ပုသိမ်မြို့နယ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် ကူညီပေးခဲ့ရသည်။

” သူကဆေးကြောင်ပြီးတက်သွားတာ၊ သူကတံတားပေါ်‌ပတ်ပြေးနေသေးတယ်၊ မိုးရွာတဲ့အချိန်ကျတော့သူသွားလို့မရတော့ဘူး အဲ့ခါကျမှ ကရိန်းနဲ့ ကယ်ခဲ့ရပါတယ်” ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ပုသိမ် မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် တံတားပေါ်တက်ရောက်သွားသူမှာ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘဲ ကယ်ဆယ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့၀င်များ ခက်ခက်ခဲခဲကယ်တင်ခဲ့ပြီးနောက် သင်္ဘောကျင်းရဲစခန်း၌ ထိန်းသိမ်းထား‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here