ထိုင်းရောက် မြန်မာနိုင်ငံသား (၂၈၈) ဦး မြဝတီ – မဲဆောက်အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာ

0
173

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၂၈၈) ဦးသည် ဇူလိုင်လ (၂၆) ရက်က မြဝတီ – မဲဆောက်အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများထဲတွင် အမျိုးသား (၂၁၈) ဦး၊ အမျိုးသမီး (၇၀) ဦးပါဝင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကာ ကိုဗစ်(၁၉) ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မြန်မာနိုင်ငံသား ဟုတ်/မဟုတ် အချက်အလက် ကောက်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများ အနက်မှ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေထိုင်သူများအား မော်လမြိုင်မြို့ရှိ “ဆယ်မြို့နယ်” အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ လည်းကောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များတွင် နေထိုင်သူများအား မြဝတီမြို့ရှိ “ရွှေမြဝတီ” အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ လည်းကောင်း (၁၀)ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here