ဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့်
အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်

0
166

ဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းသည် ဇူလိုင်လ (၂၆) ရက်တွင် ဗီယက်နမ်သံ ရုံး၌ ကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ (Berlin ASEA N Committee-BAC) အစည်းအဝေးနှင့် (၅၆) နှစ် မြောက်
အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်ခြင်း အခမ်းအနားသို့ ဘာလင်မြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဘာလင် – အာဆီယံ ကော်မတီ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသစ်ရောက်ရှိလာသည့် စင်ကာပူ သံအမတ်ကြီးအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အကောင်အထည်ဖော်မည့် ကိစ္စရပ်များ၊ ဆက် လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များ၊ ဂျာမနီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို တက်ရောက်လာကြသည့် သံရုံးအကြီးအကဲများနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အစည်းအဝေးအပြီးတွင် သံရုံးယာယီတာဝန်ခံသည် (၅၆) နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်ခြင်း အခမ်းအနားနှင့် တာဝန် ပြီး ဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားသံအ မတ်ကြီးအား တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here