ST DENIS REUNION OPEN 2023 တွင် ၁၆ ဦးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် သက်ထားသူဇာ

0
186

ဟေညွန်တွင် ကျင်းပနေသည့် ST DENIS REUNION OPEN 2023 ပြိုင်ပွဲတွင် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၁၆ ဦးအဆင့်ဖြင့်သာ ‌ကျေနပ်ခဲ့ရကြောင်း သိရသည်။

ST DENIS REUNION OPEN 2023 ပြိုင်ပွဲတွင် သက်ထားသူဇာသည် ဆီဒင်သတ်မှတ်ချက်အရယမန်နေ့ ဇူလိုင် ၂၇ ရက်တွင် ၃၂ ဦးအဆင့်မှစတင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁၂၈ မှ တောင်အာဖရိကနိုင်ငံသူ Johanita SCHOLTZ ကို ၁၀ မှတ် ၂၁ မှတ် ၁၈ မှတ် ၂၁ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ၁၆ ဦးအဆင့်သို့တက်ခဲ့သည်။

သက််ထားသူဇာသည် ၁၆ ဦးအဆင့်တွင် ပြီးခဲ့သည့် MAURITIUS INTERNATIONAL 2023 တွင် ပထမရခဲ့သည့် ကမ္ဘာ့အဆင့် ၁၁၇ မှ ဂျပန်ကြက်တောင်မယ် Hina AKECHI နှင့် ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၁၁ မှတ် ၂၁ မှတ် ၇ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ၁၆ ဦးအဆင့်ဖြင့်သာကျေနပ်လိုက်ရသည်။

သက်ထားသူဇာသည့် လက်ရှိကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၉ တွင်ရပ်တည်နေပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ််သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here