ယခုနှစ် ပထမခြောက်လအတွင်း အမြန်လမ်းမကြီးအပါအဝင် နိုင်ငံတဝန်း၌ ယာဉ်တိုက်မှုပေါင်း (၂၅၀၀) ကျော် ဖြစ်ပွား

0
135
  • သေဆုံးမှု (၁၃၀၀)ကျော်နှင့် ဒဏ်ရာရရှိမှု (၃၅၀၀)ကျော်ရှိခဲ့

ယခုနှစ် ပထမ ခြောက်လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ယာဉ်တိုက်မှုပေါင်း (၂၅၀၀) ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးမှု (၁၃၀၀) ကျော်နှင့် ဒဏ်ရာရရှိမှု (၃၅၀၀) ကျော်ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်အရ သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးနှုန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကထက် ယခုနှစ်တွင် (၁၉) မှု၊ မကွေးတိုင်းဒေသကြီးတွင် (၃၄) မှု၊ ရှမ်းပြည်နယ်တွင် (၂၄) မှုတိုးခဲ့ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင် ယခင်နှစ်ကထက် လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုနှစ် ပထမခြောက်လအတွင်း ရရှိထားသည့် အချက်အလက်အရ နေပြည်တော်တွင် ယာဉ်တိုက်မှု (၅၄) မှု၊ ဒဏ်ရာရရှိမှု (၆၈) မှု၊ သေဆုံးမှု (၆၄) မှု၊ ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု (၉၀) ၊ ဒဏ်ရာရရှိမှု (၁၀၈) မှု၊ သေဆုံးမှု (၇၀) မှု၊ ကယားပြည်နယ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရရှိမှု၊ သေဆုံးမှု မရှိ၊ ကရင်ပြည်နယ်တွင် ယာဉ်တိုက်မှု (၅၇) မှု၊ ဒဏ်ရာရရှိမှု (၇၀)၊ သေဆုံးမှု (၃၅) မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်တွင် ယာဉ်တိုက်မှု (၃) မှု၊ ဒဏ်ရာရရှိမှု (၅) မှု၊ သေဆုံးမှု (၃)မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၂၉) မှု၊ ဒဏ်ရာရရှိမှု (၃၁) မှု၊ သေဆုံးမှု (၁၇) မှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၅၁) မှု၊ ဒဏ်ရာရရှိမှု (၇၂) မှု၊ သေဆုံးမှု (၃၁) မှု၊ ပဲခူးတိုင်းဒေသကြီး၌ ယာဉ်တိုက်မှု (၃၁၃) မှု၊ ဒဏ်ရာရရှိမှု (၃၆၂) မှု၊ သေဆုံးမှု (၁၃၅) မှု၊ မကွေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၁၆၃) မှု၊ ဒဏ်ရာရရှိမှု (၂၂၉) မှု၊ သေဆုံးမှု (၉၂) မှု ရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၌ ယာဉ်တိုက်မှု (၃၅၂) မှု၊ ဒဏ်ရာရရှိမှု (၄၇၇) မှု၊ သေဆုံးမှု (၁၈၇) မှု၊ မွန်ပြည်နယ်တွင် ယာဉ်တိုက်မှု (၁၇၅) မှု၊ ဒဏ်ရာရရှိမှု (၂၇၈) မှု၊ သေဆုံးမှု (၈၀)၊ ရခိုင်ပြည်နယ်တွင် ယာဉ်တိုက်မှု (၉၀)၊ ဒဏ်ရာရရှိမှု (၁၀၁) မှု၊ သေဆုံးမှု (၄၉) မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၄၃၅) မှု၊ ဒဏ်ရာရရှိမှု (၄၄၈) မှု၊ သေဆုံးမှု (၂၁၄) မှု ၊ ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု (၂၆၆) မှု၊ ဒဏ်ရာရရှိမှု (၄၂၁) မှု၊ သေဆုံးမှု (၁၉ ၃) မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၄၀၅) မှု၊ ဒဏ်ရာရရှိမှု (၇၁၆) မှု၊ သေဆုံးမှု (၁၉၃) မှု၊ ရန်ကုန် – မန္တ လေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှု (၈၃) မှု၊ ဒဏ်ရာရရှိမှု (၁၆၁) မှု၊ သေဆုံးမှု (၅၃) မှုတို့ရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ NRSC ၏ နှစ်ချုပ်အစီရင်ခံစာအရ နိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များကို လေ့လာရာတွင် လူ့ပရောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုက ၉၄ ရာ ခိုင်နှုန်းခန့် ပါဝင်သော်လည်း တစ်ဖက်၌ ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံအနေအထား၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများကလည်း ကဏ္ဍတစ်ခုအဖြစ် ဆက်စပ်ပါဝင်နေကြောင်း ဇူလိုင်လ (၁၄) ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားချက်များအရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုထုတ်ပြန်သည့် အစီရင်ခံစာအရ တစ်ကမ္ဘာလုံးတွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ် ပျမ်းမျှ လူဦးရေ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး သန်း (၅၀) ကျော် ထိခိုက်ဒဏ်ရာရရှိနေကြောင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း လူ ၁ ဒသမ ၃၅ သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီး တစ်နှစ်ထက် တစ်နှစ်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများ ပိုမိုတိုးပွားလာနေသည်ကို တွေ့ရကြောင်း သိရသည်။

Photo Credit – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here