နစက ဥက္ကဋ္ဌနှင့် တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်နေရပ်ပြန်ကိစ္စ၊ နှစ်နိုင်ငံ အွန်လိုင်းလောင်းကစားမှုများနှင့်လိမ်လည်မှုပပျောက်ရေးများပါဝင်

0
105

အွန်လိုင်းလောင်းကစားမှုများနှင့်အွန်လိုင်းမှလိမ်လည်မှုများ လျော့နည်းပပျောက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌနှင့်တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်မှဆောင်ရွက်လျက်ရှိကာ တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့်နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆောင်ရွက်လျက်ရှိမှု၊ “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုများဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံမှအကူအညီများပေးခဲ့မှု၊ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အွန်လိုင်းလောင်းကစားမှုများနှင့်အွန်လိုင်းမှလိမ်လည်မှုများလျော့နည်းပပျောက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကောင်စီဝင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ နှင့်တာဝန်ရှိသူများ၊အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ အဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here