မာရဝိဇယဥယျာဉ်ဝင်းအတွင်း သစ်မျိုး(၁၇)မျိုး၊အပင်(၂၁၈၁)ပင်စိုက်

0
177

သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောများထိန်းသိမ်းခြင်းသည် ထာဝကုသိုလ်တစ်မျိုးဖြစ်

၂၀၂၃ ခုနှစ် ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း၌ ကျင်းပခဲ့ပြီး သစ်ပင်ပေါင်း ၂၁၈၁ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်၍ လင်းလွန်းပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြသည်။

ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်တည်ရှိသည့် ဥယျာဉ်ဝင်းအတွင်း စိမ်းလန်းစိုပြည်စေရန် လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်နှင့်ကံ့ကော်ပင်စသည့် သစ်မျိုး (၁၇)မျိုး၊အပင်ပေါင်း(၂၁၈၁)ပင်ကို စိုက်ပျိုးသွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့ပြင် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းသည် ဗုဒ္ဓသာသနာတော်ထွန်းလင်းပွင့်လန်းစေရေး ကောင်းမွန်မြင့်မြတ်သည့် အစဉ်အလာနှင့်အထောက်အပံ့ကောင်းတစ်ခုဖြစ်ကာ ဗုဒ္ဓ၏အဆုံးအမတရားတော်၌ ထာဝရကုသိုလ် (၆)ပါးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်တစ်ပါးဖြစ်သည်ဟုလည်း ပြောသည်။

ထို့ကြောင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဗောဓိညောင်ပင်၊ကျည်းပင်၊လင်းလွန်းပင်၊လုမ္ဗိနီအင်ကြင်းပင်စသည့် ဗုဒ္ဓသာသနာနှင့်ဆက်စပ်နေသည့် အပင်မျိုးများအပါအဝင် သစ်ပင်မျိုးများစွာကို စိုက်ပျိုးပြုစုထိန်းသိမ်းထားကာ ဥယျာဉ်ဝင်းအတွင်း စိမ်းလန်းသာယာစေရန် ပြည်သူများနှင့်ပူးပေါင်း၍ သစ်ပင်များဆက်လက်စိုက်ပျိုးသွားမည်ဟု ဆိုသည်။

“သစ်ပင်သစ်တောတွေကို စိုက်ပျိုးပြုစုတာအပြင် သဘာဝသစ်တောသယံဇာတတွေကိုလည်း ရေရှည်တည်တံ့စေဖို့ ထိန်းသိမ်းကြရပါမယ် ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံဧရိယာရဲ့ (၃၀)ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်းတွေ ကြိုးပြင်ကာကွယ်တောတွေအဖြစ် ဖွဲ့စည်းနိုင်ဖို့နဲ့ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေတွေအဖြစ် ဖွဲ့စည်းနိုင်ဖို့အတွက် ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာ ကြားသည်။

ထို့နောက်တက်ရောက်လာကြသူ များက သစ်ပင်ပျိုးပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here