မာရဝိဇယ ဗုဒ္ဓဥယျာဉ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်

0
208

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဥ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား နစက ဥက္ကဋ္ဌက ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓဥယျာဥ် ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်းနှင့်ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော်တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကိုလည်း နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်အတွင်းရှိ နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်၊မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊မာရဝိဇယ ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဥဏ္ဏလုံမွေးရှင်တော်မြတ်များစီသွင်းပူဇော်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပရိတ်နံ့သာ ရည်များပက်ဖျန်းပူဇော်ခဲ့သည်။

အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်မင်္ဂလာမော်ကွန်းကမ္ဗည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ခဲ့သည်။

ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော်တည်ထားပူဇော်ခြင်းမင်္ဂလာအခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ်ပူဇော်ထားသည့် မော်ကွန်းကျောက်စာချပ်များကို ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ကျောက်စာရုံစေတီတော်များထီးတော်တင်လှူခြင်းနှင့်ရေစက်ချမင်္ဂလာအခမ်းအနားများအား ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်အဆင့်ခမ်းနားစွာကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here