ကားစျေးကွက်အတွင်း အရောင်း အဝယ် ပုံမှန်အတိုင်းရှိနေပြီး စျေးမြှင့်ရောင်းသူများလည်း ရှိနေဟုဆို

0
159

မထွက်​သေး​သော်လည်းလုပ်စားလို့​ကောင်း​နေဆဲ နှစ်​သောင်းတန် နှင့်​စျေးကွက်များ

လက်ရှိကားဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းရှိနေပြီး ဈေးမြှင့်ရောင်းချသူများလည်းရှိနေကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျပ် (၂၀၀၀၀) တန်ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ကားဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ရှိခဲ့သော်လည်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

” ကားဈေးကွက်အခြေအနေကို ပြောရမယ်ဆိုရင် ထိုက်သင့်တဲ့ဈေးတစ်ခုနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဈေးမြှင့်ရောင်းတာတွေရှိပါတယ်။ ၂၀၀၀၀ တန်ရဲ့ နောက်ဆက်တွဲက ကားဈေးကွက်မှမဟုတ်ဘူး။ အကုန်လုံးကို ရိုက်ခတ်မှုရှိခဲ့တယ် “ဟု  ဦးကျော်စွာထွန်းမြင့်က ပြောသည်။

လက်ရှိကားဈေးကွက်အတွင်း အရောင်းခေတ္တရပ်ထားသည့် ကားအရောင်းစင်တာအချို့လည်းရှိသလို ဝယ်ရောင်းစျေးကွက်အတွင်း ပေါက်ဈေးထက် (၂၀)ရာခိုင်နှုန်း ဈေးတင်ရောင်းချခြင်းမျိုးလည်း ရှိနေကြောင်း ကားဝယ်ရောင်းသမားအချို့၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ရွှေဈေးကွက်တွင်လည်း ဈေးကွက်အမှန်တကယ်ပေါက်ဈေးကို ယနေ့အထိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက်ကြား ကြိုက်ဈေး၊ ညှိနှိုင်းဈေးဖြင့်သာ အရောင်း
အဝယ်ပြုလုပ်နေကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here