သံဖြူဇရပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ကာ သစ်ပင်များပြိုလဲခဲ့

0
119

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့တွင် ဇူလိုင် ၂၈ ရက်ညနေ ၄ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ကာ သစ်ပင်များပြိုလဲခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့၊ကြာကန်ရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်း၏ အဆောင်တစ်ဆောင်မှ အမိုးသွပ်များပြုတ်ထွက်လွင့်ပါသွားခဲ့ပြီး ယင်း ရပ်ကွက်ရှိနေအိမ်များနှင့်စက်သစ်ရပ်ကွက်၊ဆည်မြောင်းအပိုင်းတို့ရှိ နေအိမ်များ၏ အမိုးသွပ်များလည်း ပြုတ်ထွက်လွင့်ပါသွားခဲ့ကြောင်း သိရသည်။

“လေဆင်နှာမောင်းတိုက်တော့ အမိုးသွပ်တွေလွင့်ပါကုန်တာ လတ်တလောအထိကတော့ ကျွန်တော်တို့ကူညီပေးနေတဲ့အချိန်အထိ ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

နေအိမ်အမိုးသွပ်များပြုတ်ထွက်လွင့်ပါမှုအပြင် အ.လ.က(ခွဲ)ကျောင်းရှေ့အုတ်တံတိုင်းအနီးရှိ ပိတောက်ပင်လဲကျခဲ့သဖြင့် ကျောင်းအုတ်တံတိုင်းမှာ ၂၇ ပေခန့်ပျက်စီးသွားခဲ့ပြီး ရပ်ကွက်များအတွင်းရှိ သစ်ပင်အချို့လည်း ပြိုလဲသွားခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား လုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-ရာမညအသံ


LEAVE A REPLY

Please enter your comment!
Please enter your name here