ကြက်ငှက်တုပ်ကွေး လျင်မြန်စွာပျံ့နှံ့မှုကို နော်ဝေနှင့် ဖင်လန် ရင်ဆိုင်နေရ

0
132

ကိုပင်ဟေဂင်၊ဇူလိုင် ၂၈

နော်ဝေနှင့်ဖင်လန်နိုင်ငံများသည် ယခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါစံချိန်တင်ဖြစ်ပွားမှုကိုခံစားနေရပြီး စင်ရော်ငှက်နှင့်အခြားမျိုးစိတ်များပါ ထောင်နှင့်ချီသေဆုံးခဲ့ကာ အန္တရာယ်ရှိသဖြင့် အချို့နေရာများတွင် ခရီးသွားလာခွင့်ပါပိတ်ထားကြောင်းသိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် မကြာသေးမီနှစ်များအတွင်းက ဥရောပတစ်ခွင်သို့ပျံ့နှံ့သွားခဲ့ပြီး မေလနှင့်ဇွန်လအတွင်း ပြင်သစ်မွေးမြူရေးခြံများတွင်သန်းပေါင်းများစွာသော ကြက်များကိုသုတ်သင်ခဲ့ရသဖြင့် ကြက်သားနှင့်ဥများထောက်ပံ့ ဖြည့်တင်းမှုကိုလည်းထိခိုက်စေခဲ့သည်။

နော်ဝေနိုင်ငံ ဖင်းမတ်ခ်ခရိုင်၌မူ ကြက်ငှက်အသေပေါင်းသောင်းချီကို သိမ်းဆည်းခဲ့ရကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပြီး အဆိုပါခရိုင်အတွင်းရှိဘေးမဲ့တောသုံးခုသို့ ခရီးသွားလာခွင့်ကို လည်းကန့်သတ်ခဲ့သည်။

“အခုနှစ်နော်ဝေမှာကြုံရတဲ့ကြက်၊ငှက်တုပ်ကွေးဖြစ်ပွားနှုန်းက အရင်နှစ်တွေကထက်ပိုများပါတယ်” ဟုလည်း အာဏာပိုင်များကဆိုသည်။

အိမ်နီးချင်းဖင်လန်နိုင်ငံ၌လည်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုပြင်းထန်နေလျက်ရှိပြီး ယခင်အပတ်က သားမွေးခြံ ၁၂ ခြံ၌သာတွေ့ရသော်လည်း ယခုတစ်ပတ်တွင် ခြံပေါင်း ၂၀ အထိမြင့်တက်လာကြောင်းလည်းသိရသည်။

H5N1 သည် လူသားများအတွက် ကူးစက်မှုအန္တရာယ်နည်းနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသော်လည်း နို့တိုက်သတ္တဝါများသို့ကူးစက်မှုသတင်းများကိုမူ အနီးကပ်စောင့်ကြည့်ရန်လိုအပ်အပ်သည်ဟုလည်း‌ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here