မလေးရှား၌ တရားမ၀င်အလုပ်သမား ဖမ်းဆီးစဉ် မြန်မာနိုင်ငံသူတစ်ဦး နောက်ဖေးလှေကားပေါ်မှ ပြုတ်ကျ‌သေဆုံး

0
175

မလေးရှားနိုင်ငံ၊ ဆန်းဝေးမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မလေးရှားရဲများက တရားမ၀င် အလုပ်သမားများအား ဖမ်းဆီးစဉ် မြန်မာနိုင်ငံသူတစ်ဦး နောက်ဖေးလှေကားပေါ်မှ ပြုတ်ကျ‌သေဆုံး သွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မလေးရှားရဲများနှင့် လ၀ကအဖွဲ့များ အော်ပရာစီ စစ်ဆင်ရေးအနေဖြင့် ဝင်ရောက်ဖမ်းဆီးစဉ် အသက် (၂၂) အရွယ်ရှိ မြန်မာနိုင်ငံသူ မရွှေစင်ထက်သည် ဆိုင်နောက်ဖက်လှေကားမှ အောက်သို့ဆင်းချိန်၌ ပြုတ်ကျကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အဆင်မပြေလို့ ရရာလမ်းနဲ့ လာကြတာလေ။ အဖမ်းခံရရင်တောင် အကြာကြီးနေရမှာမဟုတ်ဘူး။ ၃ လလောက်နဲ့ပြန်လွတ်တယ်။ ထွက်ပြေးရင်အန္တရာယ်များတယ်” ဟု မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးပြောကြားသည်။

မရွှေစင်ထက်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်၊ မြဝတ်ရည် ( ၂ )လမ်းမှ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ကာ သူမ၏ရုပ်အလောင်းအား မနက်ဖြန် ဇူလိုင်လ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ၌ ကွာလာလမ်ပူမြို့ရှိ ချဲရတ်ဂျလန်ကွာလီသုဿန်တွင် မီးသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here