ကျေးလက်ဒေသများတွင် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်များ သုံးနိုင်ရန်လုပ်​နေ

0
120

မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများတွင်သာမကကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။

ယင်းပြောကြားချက်ကို ဇူလိုင်လ ၂၈ ရက်က ပြုလုပ်သည့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃)တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ မိုဘိုင်းစနစ်သုံး မြန်နှုန်းမြင့် အင်တာနက်အနေနဲ့ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ကို လွှမ်းခြုံနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Fixed Broad band မှာတော့ သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာ ရှိနေသေးတဲ့အတွက် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို မြို့ကြီးတွေသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်အောင် ဆက်လက်ဆောင်ရွက်သွားရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။

ထို့ပြင် ပြည်သူများလိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များရရှိစေရန်၊ အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက် ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွေမှာ အကျိုးရှိစွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းနှင့် ထိုမှတစ်ဆင့် ထုတ်ကုန်များကို ဝက်ဘ်ဆိုတ်များမှတစ်ဆင့် ဈေးကွက်ရှာဖွေခြင်း၊ ငွေပေးချေမှုကိုလည်း လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာပြီး နိုင်ငံ့စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကြောင့် e-Commerce Law ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်မှာ ဖွဲစည်းခဲ့ပြီး ပထမမူကြမ်းကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here