UNFPA နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်

0
170

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့အကြား လက်မှတ်ရေးထိုးမည့် သဘောတူညီချက်စာလွှာ (Letter of agreement)တွင် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သဘောတူညီချက်စာလွှာ (Letter of agreement)တွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ စီစဉ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသများတွင် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးထားကြောင်း သိရသည်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)အနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် မျိုးဆက်ပွားကျန်းမာရေး၊ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ကျား-မ သာတူညီမျှရရှိရေး၊ သန်းခေါင်စာရင်းကောက်ယူရေး စသည့်လုပ်ငန်းများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၂၄ ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

Photo Credit – UNFPA


LEAVE A REPLY

Please enter your comment!
Please enter your name here