မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပြီးစီးမှုများကို စတုတ္ထ အကြိမ်​​မြောက်ရှင်းလင်းပြသပွဲ၌ အလှူငွေကျပ် ၅ ဘီလီယံကျော်၊အမေရိကန်ဒေါ်လာ ၂ သောင်းကျော်နှင့်ဘတ် ၁ သိန်းလှူဒါန်း

0
301

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၌ တည်ထားပူဇော်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပြီးစီးမှုအခြေအနေများအား နစက ဥက္ကဋ္ဌမှ ဇူလိုင် ၂၉ ရက်နံနက်ပိုင်းက ရှင်းလင်းပြသရာ တက်ရောက်လာသူများက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လေးကြိမ်​မြောက်ရှင်းလင်းပြသပွဲသို့တက်ရောက်လာကြသူများအနက် ပြည်တွင်း၊ပြည်ပအလှူရှင် ၂၇၄ ဦးမှ ငွေကျပ် ၅ ဒသမ ၀၄ ဘီလီယံ၊အမေရိကန်ဒေါ်လာ ၂၃၀၀၀ နှင့်ဘတ် ၁ သိန်းတို့အား ပေးအပ်လှူဒါန်းရာ နစက ဥက္ကဋ္ဌမှလက်ခံရယူခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်လှူခြင်းမပြုမီအထိ လှူဒါန်းကုသိုလ်ပြုမှုများသည် ကုသိုလ်ကိုအစပြုထူထောင်ကြသူ (Founder)များပင်ဖြစ်သည်ဟု
နစက ဥက္ကဋ္ဌကဆိုသည်။

ယခုလှူဒါန်းသည့် ကုသိုလ်မှာအများကုသိုလ်ပင် ဖြစ်ကာ မင်းတုန်းမင်းကြီးတည်ထားခဲ့သည့် ကုသိုလ်တော်ဘုရားကြီးရှိ ကျောက်စာများမှာ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ ပျက်စီးယိုယွင်းမှုများမရှိသလို အလားတူ ပုဂံရှိရှေးဟောင်းဘုရားများသည်လည်း ယနေ့ထက်တိုင် တည်တံ့နေဆဲဖြစ်​ကြောင်း​ပြော သည်။

ထို့ကြောင့် မာရဝိဇယကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီးမှာ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မြဲနေမည်ဖြစ်ခါ မိမိတို့၏ နောက်လာ နောက်သားများအဆက်ဆက်အထိတည်ရှိနေမည်ကိုယုံ ကြည်သည်ဟု ဆိုသည်။

“ယခုပစ္စုပန်ကာလမှာ လှူဒါန်းခဲ့မှုတွေဟာ မွန်မြတ်တဲ့ကုသိုလ်တွေပဲဖြစ်တယ် ယနေ့ လှူဒါန်းကု သိုလ်ယူမှုတွေအတွက်လည်း ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ဝမ်း​​မြောက်​ကြောင်း​ပြောသည်။

ထို့နောက် တက်ရောက်လာကြသူများက မာရဝိဇယဘုရားကြီးနှင့်ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်းထည့်သွင်းထားရှိမှုများ၊
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ထားမှု၊ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦများထည့်သွင်းတည်ဆောက်ထားမှု၊မုစလိန္ဒနဂါးရုံ ဘုရားနှင့်ကျောက်စာရုံစေတီတော်များ တည် ထားကိုးကွယ်ထားမှုတို့ကိုလည်း လေ့လာခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here