ချုံချင့်မြူနီစီပယ်မြို့နှင့်မြန်မာနိုင်ငံကြား ဆက်ဆံမှု

0
132

ချုံချင့်မြူနီစီပယ်မြို့နှင့်မြန်မာနိုင်ငံကြား နှစ်ဖက် အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်နိုင်မှုများကိုမြှင့်တင်သွားရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ သံမှူးဒေါ်နီတာမြင့်နှင့်ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရုံး၊အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူး Mr. Xu Sheng တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သံမှူးဒေါ်နီတာမြင့်သည် ဇူလိုင် ၂၈ ရက်နံနက် ၁၀ နာရီခွဲက ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရုံး၌ ညွှန်ကြားရေးမှူး Mr. Xu Sheng အား သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ ဖြစ်‌ပေါ်တိုးတက်မှုများ ၊မြန်မာနိုင်ငံနှင့်ချုံချင့်မြို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး၊ချုံချင့်မြူနီ စီပယ်မြို့နှင့်မြန်မာနိုင်ငံကြား နှစ်ဖက်အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများ မြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here