နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေရန် ပြည်တွင်းဓာတ်မြေဩဇာ ပိုမိုထုတ်လုပ်ရမည်

0
123

မြန်မာနိုင်ငံအတွင်း၌ ဓာတ်မြေသြဇာပိုမိုထုတ်လုပ်ရေးနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ဦးက မှာကြားခဲ့သည်။

ဇူလိုင် ၂၉ ရက်က ဧရာဝတီတိုင်းရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကွပ်ကဲမှုအောက်မှ ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကိုအသုံးပြုလည်ပတ်ထုတ်လုပ်လျက်ရှိသည့် အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)သို့သွားရောက်၍ စက်ရုံတာဝန်ရှိသူများအားတွေ့ဆုံစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေရန် ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်မှုများကို ပိုမိုတိုးတက်ထုတ်လုပ်ရန်၊ စက်ပြုပြင်ခြင်းလုပ်ငန်းများကို သေချာစွာဆောင်ရွက်ရန်၊ တစ်နှစ်ပတ်လုံး စက်ရပ် ရက်နည်းပါးစွာလည်ပတ်နိုင်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့ကို ဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နှစ်ပတ်လည်စက်ပြုပြင်ရေးဆောင်ရွက်ခဲ့မှု၊စက်ရုံလည်ပတ်ထုတ်လုပ်နေမှုနှင့်စက်ရုံ၏ပင်မထိန်းချုပ်ခန်းတွင် Distributed Control System(DCS)စနစ်ဖြင့် စက်ရုံအားထိန်းချုပ်လည်ပတ်နေမှု၊အိတ်သွပ်သိုလှောင်ဖြန့်ဖြူးရေးဌာန၌ ယူရီးယား ဓာတ်မြေဩဇာများဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်) သည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကို အသုံး ပြုလည်ပတ်ထုတ်လုပ်လျက်ရှိပြီး ထွက်ရှိသောဓာတ်မြေဩဇာများကို ဓာတ်မြေဩဇာခွဲတမ်း သတ်မှတ်ရေးကော်မတီမှတစ်ဆင့် တောင်သူများထံ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here