ပေါင်မြို့တွင် တောင်မြေပြိုကျမှုကြောင့် အနီးဝန်းကျင်ရှိနေအိမ် (၅) လုံးမှ မိသားစုဝင်များအား ယာယီရွှေ့ပြောင်းပေးရ

0
222

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီး ရပ်ကွက်တွင် တောင်မြေပြိုကျခဲ့မှု ဇူလိုင် (၂၉) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ပေါင်မြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် ကဒုံစီးရပ်ကွက်ရှိ နေအိမ်တစ်လုံး၏နောက်ဘက်တွင် တောင်မြေပြိုကျမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများကလာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

“မနက် (၁၀) နာရီလောက်မှာ ဖြစ်သွားတာပါ။ ဦးအောင်သန်းရဲ့အိမ်အနောက်ဘက်ပေါ့။ အဲဒီနားက အိမ် (၅) လုံးကို မြေထပ်ပြိုနိုင်လို့ အန္တရာယ်ရှိတဲ့အတွက် ယာယီရွှေ့ပြောင်းပေးဖို့ တာဝန်ရှိတဲ့လူတွေ လာစစ်တဲ့အချိန်မှာသွားလို့ ရွှေ့ပေးခဲ့ပါတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မြေပြိုကျခဲ့သည့် နေအိမ်အနီးရှိ နေအိမ် ၅ လုံးတွင် နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေး အသင်းဝင်များက ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – ရာမညအသံ


LEAVE A REPLY

Please enter your comment!
Please enter your name here