ယူကရိန်းနှင့်ဆွေးနွေးရန်ငြင်းပယ်ခဲ့ခြင်းမရှိဟု သမ္မတပူတင်ဆို

0
213

မော်စကို၊ဇူလိုင် ၂၉

ရုရှားသမ္မတဗလာဒီမာပူတင်က အာဖရိက အစီအစဉ်သည် ယူကရိန်း၌ငြိမ်းချမ်းရေးအတွက် အခြေခံတစ်ခုဖြစ်နိုင်သော်လည်း ယူကရိန်း၏တိုက်ခိုက်မှုများက လက်တွေ့အကောင်အထည်ဖော်ရန်ခက်ခဲစေသည်ဟုပြောကြားခဲ့သည်။

သမ္မတပူတင်သည် သောကြာနေ့က စိန့်ပီတာစဘတ်၌ အာဖရိကခေါင်းဆောင်များနှင့်တွေ့ဆုံပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အာဖရိကခေါင်းဆောင်များကလည်း ၎င်းတို့၏မူလအစီအစဉ်အတိုင်းသာဆက်၍အကောင်အထည်ဖော်ရန်ပြောကြားခဲ့သည်။

“ဒါပေမဲ့ တစ်ဖက်ကလည်း ဒီအစီအစဉ်အပြည့်အဝအောင်မြင်ဖို့ အခက်အခဲအတားအဆီးတစ်ချို့ရှိနေပါသေးတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

ယခုအစီအစဉ်တွင်ပါဝင်သည့် အချက်တစ်ချက်မှာ အပစ်အခတ်ရပ်စဲရေးဖြစ်သည်ဟုလည်းသမ္မတပူတင်ကဆိုသည်။

“ဒါပေမယ့် ယူကရိန်းစစ်တပ်က ထိုးစစ်ဆင်နေပြီးတိုက်ခိုက်နေကာ ဗျူဟာမြောက်ထိုးစစ်ဆင်မှုကြီးကိုအကောင်အထည်ဖော်နေလို့ တိုက်ခိုက်နေတဲ့အချိန်မှာ အပစ်အခတ်ရပ်လို့မရပါဘူး၊အပစ်အခတ်ရပ်စဲရေးကိုအကောင်အထည်ဖော်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက်သဘောတူမှရမှာပါ”ဟုလည်းပြောကြားခဲ့သည်။

နိုင်ငံ၏ငါးပုံတစ်ပုံကို ရုရှားက ထိန်းချုပ်ထားပြီးမှ ကမ်းလှမ်းလာသည့်ငြိမ်းချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေးအစီအစဉ်အား ယူကရိန်း သမ္မတက ပယ်ချခဲ့ပြီး ၎င်း၏စစ်အင်အားကိုပြန်လည်စုဖွဲ့ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here